NATTHI'S NOThing!


Beyond With or Without
 

Categories

Recent Comment


User Online


      User Online
 

Thursday, June 7, 2007

နတ္ထိရဲ့ နိဂုံး



စိရံ တိဋ္ဌတု နိဗ္ဗင်္ကော၊
ဝင်္ကဓမ္မော ၀ိနဿတု။

ကောက်ကျစ်မှုတွေ လွင့်ပါးပါစေ။
ဖြောင့်မတ်မှုတွေ ထင်ရှားပါစေ။

ယနေ့မှ စ၍ ဘလောဂ့်ကမ္ဘာမှ အပြီးအပိုင် ထွက်ခွာသွားတော့မည် ဖြစ်ပါကြောင်း အသိပေးပါသည်။ နွေးထွေးမှုကို ပေးခဲ့သော ဘလောဂ့်ဂါအပေါင်း ပျော်ရွှင်ပါစေကြောင်း ဆုမွန်တောင်းပါသည်။ အမှားအယွင်းများရှိခဲ့လျှင် ခွင့်လွှတ်ဖို့ရာ တောင်းပန်ပါသည်။ အားလုံးကို ကျေးဇူးတင်ပါသည်။

အမှတ်တရ ဘလောဂ့်လေးကို ထားခဲ့ပါရစေ။

Labels:

Posted by Natthi at

15 Comments:

Blogger pandora said...

ကိုနတ်.. ခင်ဗျား ရက်စက်တယ်ဗျာ..

June 7, 2007 at 10:37 PM  
Blogger ကလိုစေးထူး said...

ကိုနတ္ထိရယ်.. ကျနော်ကတော့ နှမြောတယ်။ မရပ်စေချင်ဘူး။ ကိုယ်ရေးခဲ့တာတွေကို ဘယ်လောက်တန်ဖိုးထားမလဲ ဆိုတာ ဘလော့ဂ်ရေးနေသူချင်း ခံစားလို့ရလို့ ပိုတောင် မရပ်စေချင်ဘူး။ ဖြစ်နိုင်ရင်တော့ စိတ်ပြန်လည်ပြီး ပြန်ရေးစေချင်တယ်ဗျာ။

June 8, 2007 at 4:32 AM  
Blogger (တေးမွန်) said...

သင်နတ္တိ .. ကောင်းသေခွဲ ခွာခြင်းဆို
သံယောဇဉ်က အမျှင်တန်းရင် ဘာမှမောကင်းတောဘူး
ပြန်လာမယ်ဆိုရင်လည်း ကြိုနေလယ်..
အနော်လည်းရှိသေးရင်ပေါ့

ငြိမ်းချမ်းပါစေ။

နတ်ဆိုး

June 8, 2007 at 4:38 AM  
Anonymous Anonymous said...

ကိုနတ္ထိ.. အလွန်ဝမ်းနည်းစရာပါပဲ ။ ရင်ထဲ နင့်သွားတယ်း( ကိုနတ်လို လူတော်တယောက် ဘလောဂ့်လောကမှာ မရှိတာ ကိုစေးထူးပြောသလို တကယ် နှမြောစရာပါ ။

ကိုနတ္ထိ ကျန်းမာရေးကောင်းမွန်ပြီး ဘလောဂါ့မောင်နှမတွေဆီ အမြန်ပြန်လာနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ် ။

June 8, 2007 at 6:26 AM  
Blogger M.Y. said...

ဆရာနတ်..

ပြောမပြတတ်အောင် ပါပဲ။ဒီကနေ့ ခေတ်ကြီးမှာ မြန်မာစာပေ မှာရော..အထူးသဖြင့် မြန်မာ ဘလော့(ဂ) လော ကမှာ အလွန်တရာ ရှားပါးနေပြီ ဖြစ်တဲ့ ပါဋိ ပညာရှင်တစ်ယောက်က ဘလော့(ဂ) ရေး ပြီး ပညာတွေမျှဝေပေးနေတာ တွေ့ ရတော့ ကျွန်တော် တော်တော် အားရ ၀မ်းသာခဲ့တယ်။ ဆရာနတ် ရဲ့ အတွေး ၊ ပါဋိ အရေး လေးတွေ ဘလော့(ဂ) မှာ မရေးနိုင်လဲ တစ်နေရာရာမှာ ပုံနှိပ်စာလုံး အဖြစ် မြင်ခွင့်ရချင်ပါသေးတယ်။ ဘလော့(ဂ) ဆက်ရေးဖို့ တိုက်တွန်း ချင်ပေမယ့် ကိုယ့်အကြောင်း ကိုရေး တဲ့ နေ့ စဉ် ဒိုင်ယာရီ် ဘလော့(ဂ) မျိုး မဟုတ်ဘဲ အများ အတွက် တစ်ခုခု ပေး နိုင် တဲ့ ဘလော့(ဂ) တစ်ခု အတွက် ကိုယ်ပိုင် အချိန်တွေ အားထုတ်မှု တွေ အများကြီး ရင်းနှီး ထားရ တယ်ဆိုတာ ကိုယ်ချင်းစာမိတဲ့ အတွက် တိုက်တွန်း ဖို့  ထက် နှမျောစွာ နားလည်ပေးပါတယ်။ ကျွန်တော် လဲ ဘယ်အချိန်ထိ ဆက်ရေးနိုင်မယ်ဆို တာ မသေချာပါ…
ဒီ ပါဋိ ဘလော့(ဂ) ကလေး ကို တော့ လို တဲ့ အခါ လာ မှီးနိုင် အောင် ထားခဲ့တဲ့ အတွက် ကျေးဇူးပါ။

ပါဋိ ဂုရု ဘလော့ (ဂ) ဆရာနတ် စိတ်ချမ်းသာ စွာဖြင့် လိုရာ ဘ၀ ပန်းတိုင် လှမ်းနိုင်ပါစေ..

မောင်ရင်

June 8, 2007 at 8:36 AM  
Blogger မေဓာဝီ said...

ကိုနတ္ထိ
စိတ်မကောင်းဖြစ်မိတယ်။
နှမြောမိတယ်။
ပြီးတော့ …
ဖြစ်နိုင်ရင် … တားချင်တယ်။
ကိုနတ္ထိဘက်မှာ ဘာအခက်အခဲတွေ ရှိတယ်ဆိုတာတော့ ကျမလည်း မသိပါဘူး။
ဒါပေမဲ့ ကျမတို့ တန်ဖိုးထားဖတ်ရှုနေတဲ့ ရှားရှားပါးပါး ပါဠိဘလော့တခု … ရပ်တန့်မသွားစေချင်ဘူး။
ကာယကံရှင်ရဲ့ ခံစားချက်နဲ့ အခက်အခဲကို နားမလည်ဘဲ ကိုယ်လိုချင်တာပဲ ပြောနေ တောင်းနေတယ်လို့တော့ မထင်ပါနဲ့နော်။
အချိန်ရရင် … အခြေအနေပေးရင် … ဒီနေရာလေးကို ပြန်လာခဲ့စေချင်ပါတယ်။
နိဂုံးပြီးရင် နိဒါန်းဆိုတာ တခါရောက်လာဦးမှာပဲလို့
ကျမတို့ မျှော်လင့်ခွင့် ရှိမလား ….။

June 8, 2007 at 10:25 AM  
Anonymous Anonymous said...

ဘယ်လိုဖြစ်တာလဲဗျာ… ကိုနတ္ထိမှာ ဘာပြဿနာ ရှိမှန်းတော့ မသိပါ၊ ကျွန်တော်လည်း ကျွန်တော့် ပြဿနာနဲ့ ကျွန်တော် ရပ်ဖို့ အကြိမ်ကြိမ် စဉ်းစားမိပါတယ်၊ ဒါပေမယ့် အခုထိတော့ တင်းခံနေဆဲပဲ။ ပုံမှန် မရေးနိုင်တော့ရင်တောင် ကျိုကြားကျိုကြား ရေးပါဦးလား၊ ဈေးဆစ်ကြည့်တာပါ၊ နှမြောတာရော၊ စိတ်မကောင်းတာရော ကြောင့်ပေါ့။ ဒါပေမယ့် ရပ်ရခြင်း အကြောင်းရင်းကို မသိတော့ ဇွတ်တော့ မတားချင်ဘူး။ ဘာပဲဖြစ်ဖြစ် အစစ အရာရာ အဆင်ပြေ ချောမွေ့ပါစေဗျာ။

June 8, 2007 at 7:45 PM  
Blogger Tesla said...

ကိုနတ္တိ- ဗလာနတ္တိ ဆိုပြီး အကုန်ရှိလိုက်စမ်းပါဗျ- နည်းနည်းပါးပါး အဆင်မပြေတာ ဆိုရင်တော့ လွှင့်ပြစ်လိုက်ပါဗျာ- ကျနော်တို့မှာလည်း ပညာတွေ မနည်းရပါတယ်-

June 9, 2007 at 8:08 AM  
Blogger မျက်လုံး said...

ချစ်ခင်ပေါင်းသင်းဆက်ဆံခြင်း ကွေကွင်းနောက်ဆုံးရှိချေသည်။ ဒီလိုလား
(ကိုနတ္ထိ ကွန်မန့်နဲ့ CBOX ထဲမှာ ပြောတတ်တဲ့ စတိုင်လေးပါ)

ကန်တော်လေးကလွမ်းစရာတွေ အကြောင်း ပြောရအောင်လေ..

ဝေဒါသာကု အကြောင်းရော မပြောတော့ဘူးလား..

Cbox မှာ ပြောရင်တောင် လာလည်ပါတယ်.. ဘာ ညာ စသည်ဖြင့် ခပ်ရိုးရိုးပြောမယ့်အစား မှတ်သားစရာ မဖြစ်ရင်တောင် အလေးထားစရာ ပြောတတ်တဲ့ ကိုနတ္ထိ လွမ်းစရာကြီးဗျာ..

အတွေးအမြင်လေးတွေ ရေးဦးလို့ လွန်ခဲ့တဲ့ တစ်ရက်နှစ်ရက်လောက်ကမှ လာပြောသွားပြီးတော့ဗျာ..

အခွင့်သာရင် ပြန်ရေးဦးနော်
မျှော်နေမယ်ဗျာ..

မျက်လုံး

June 9, 2007 at 3:35 PM  
Blogger မျက်လုံး said...

ရှိခြင်းကလည်း ရှိခြင်းနဲ့ အကျိုးပြုသလို
မရှိခြင်းကလည်း မရှိခြင်းနဲ့ အကျိုးပြုသတဲ့..

ကန်တော်လေးက မြောင်းကြီးရော ရှိသေးလား
ဒီလိုမေးဖူးတယ်

အတွေးအမြင်လေးတွေး ရေးဦးလေတဲ့
ဒီလိုပြောဖူးတယ်

ယုတ္တိကတော့ မှုန်ဝါးဝါး ဖြစ်နေပေမယ့် မျက်လုံးကတော့ အတွင်းအား အပြည့်နဲ့ တောက်ပြောင်လို့ပါလားဗျာ။
ဒီလိုလည်း အားပေးဖူးတယ်

သတိရနေဦးမယ် ကိုနတ္ထိ..
ပြန်ဆုံဦးမယ် ကိုနတ္ထိ..

June 9, 2007 at 3:46 PM  
Blogger BarNyar said...

ကိုနတ်ရေ.. နိဂုံးတော့မဟုတ်သေးပါဘူး။ အနော်တို့နောက်ထပ်တွေ့အုံးမှာ ပါ။ ဘလောက်ဂါလောကမှာ ကိုနတ္တိကြီးမရှိတော့တာ... တစ်အားလျှော့ပါတယ်.. ပြန်လာပါဂျို့ .. :(


barnyar

June 9, 2007 at 6:45 PM  
Anonymous Anonymous said...

ဦးနတ် တစ်နေ့နေ့မှာ ဘလော့ဂ်လောက ကနေ ထွက်ခွါသွားကြရမဲ့ သူတွေချည်းပါပဲ ဘယ်အချိန်လဲ ဘယ်တော့လဲ (စိတ်မပါတော့ရင်လား၊ အလုပ်များလို့လား၊ ကျန်းမာရေးကြောင့်လား၊ အသက်အရွယ်ကြောင့်လား၊ သေချာတာကတော့ သေသွားရင်ပေါ့)
ဦးနတ် အသက်ရှိနေသရွေ့ အချိန်လေး နည်းနည်းဖြစ်ဖြစ် ပေးနိုင်သလောက်လေးနဲ့ ၀င်ရေးစေချင်တယ်၊ နောက်လူတွေအတွက် ဖြစ်ဖြစ်ပေါ့။
တစ်လကိုးသတင်း နေလို့မှ တစ်ပုဒ်လောက်ရေးရင်လဲ စိတ်မဆိုးပါဘူးဗျာ။

June 10, 2007 at 7:59 AM  
Blogger Yan said...

အင်း...
စိတ်မကောင်းစရာပါပဲ.
ကျွန်တော်ကတော့ လူတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်ကို လေးစားပါတယ်. နောက်ကွယ်မှာ ဘာအကြောင်းရင်းတွေ ရှိနေမလဲဆိုတာကို မသိနိုင်ပေမယ့် ကောင်းတဲ့အချက်တစ်ချက်ကြောင့် ဒါကို စွန့်လွှတ်လိုက်တာလို့ပဲ မြင်ပါတယ်.

ကိုနတ္ထိရဲ့ ရည်ရွယ်ချက်တွေ အောင်မြင်ထမြောက်ပါစေ. အများအကျိုးကို ဆက်လက်သယ်ပိုးနိုင်ပါစေဗျာ...

ရန်အောင်

June 18, 2007 at 3:04 PM  
Blogger BarNyar said...

ကိုကြီး နတ္တိ... ဘလောက်တွေ လျှောက်မွှေရင်း သတိရလာလို့ လာကြည့်တာ... ကိုနတ္တိရဲ့ အရိပ်အရောင်ဘာမှ မတွေ့ရတာ့.. စိတ်မကောင်းဖြစ်ပြီး ပြန်သွားတယ်...

ကိုနတ္တိပြန်လာပြီး ဒီဘလောက်လေးကို ဆက်လက် အသက်သွင်းနိုင်ပါစေ။ ဘာညာတို့ ရေးသွားတဲ့စာတွေကိုလည်း မြင်နိုင်ပါစေ။ =(((

March 16, 2008 at 6:52 PM  
Blogger Unknown said...

This is my first time to your precisous and glorius place.I didn't visit to your blog before as i have only short term living at this enviroment..but i heard about this blog... also about YOU! I bow my respect and regard to you. As everyone above said, of course i also don't want you to leave us. But i m sure that you have your own and strong reason. I saw your label " My Last Breath"!! Don't be doubt that you tried your best to be a meaningful life. Not only to yourself but also to many people as possible as you could!! I want you to stand with us till your last breath (like your Label)with your words, knowledge, posts, etc... We were born and YES!!! We have to leave someday!!! Have a brave and nobel leaving!!!

BLACK DREAM

April 1, 2008 at 9:19 PM  

Post a Comment

Subscribe to Post Comments [Atom]