NATTHI'S NOThing!


Beyond With or Without
 

Categories

Recent Comment


User Online


      User Online
 

Wednesday, April 18, 2007

နတ္ထိရဲ့ အသောကကျောက်စာ


ဧ ကေစိ ဘန္တေ ဘဂ၀တာ ဗုဒ္ဓေန ဘာသိတေ သဝေ သေ သုဘာသိတေ ၀ါ ။
ဧ စု ခေါ ဘန္တေ ဟမိယာယေ ဒိသေယာ ဟေ၀ံ သဓမ္မေ စိလဋ္ဌိတိကေ ဟောသတီတိ အလဟာမိ ဟကံ တံ ၀ါတဝေ။
ဧတာနိ ဘန္တေ ဓမ္မပလိယာယာနိ ဣစ္ဆာမိ ကိံန္တိ ဗဟုကေ ဘိက္ခုပါယေ ဘိက္ခနိယေ စာ အဘိခိနံ သုနေယု စာ ဥပဓာလယေယု စာ ဧ၀မ္မေ၀ါ ဥပါသကာ စာ ဥပါသိကာ စာ ဧတေနိ ဘန္တေ ဣမံ လိခါပိယာမိ အဘိပေတံ မေ ဇာနန္တု။

“အရှင်ဘုရားတို့, မြတ်စွာဗုဒ္ဓ ဟောကြားတော်မူခဲ့သော တရားတော်တို့သည် ကောင်းမွန်စွာ ဟောကြားတော်မူခဲ့ခြင်းပင် ဖြစ်ပါ၏။
ဤသူတော်ကောင်းတရား ရှည်ကြာလေးမြင့်စွာ တည်တံ့နိုင်ရေးအတွက် အကြံပြုပါရစေ။
ဤတရားတော်တို့ကို ရဟန်း, ရဟန်းမ, ဥပါသကာ, ဥပါသိကာမတို့ အမြဲမပြတ် သင်ယူကျင့်ကြံကြရန် လိုအပ်နေပါ၏။
အကျွနုပ်၏ ဆန္ဒကို အားလုံး သိကြစေရန် ဤကျောက်စာကို ရေးထိုးထားခြင်း ဖြစ်ပါ၏။”


အသောကဘုရင်( ၂၇၃-၂၃၂ ဘီစီ ) နန်းစံနှစ် ၁၃နှစ်မြောက်တွင် ပြာကရိတ် ဘာသာစကား, ဗြဟ္မဏီ အက္ခရာကို အသုံးပြု၍ ရေးထိုးထားသော ဤကျောက်စာကို အိန္ဒိယနိုင်ငံ ရာဂျာစတန် ပြည်နယ် ဂျေပူခရိုင် ဘာဘရာမြို့အနီး ဘိုင်ရတ်ဒေသတွင် ရှာဖွေတွေ့ရှိခဲ့ပါသည်။ အထက်ပါ ဖော်ပြချက်သည် ကောက်နှုတ်ချက်မျှသာ ဖြစ်ပါသည်။

Labels:

Posted by Natthi at

0 Comments:

Post a Comment

Subscribe to Post Comments [Atom]